Python Installation Guide
Windows မှာ Python သွင်းနည်း
Download ဆွဲမယ်:
အရင်ဆုံး browser ကိုဖွင့်ပြီး python.org ကို တန်းသွားလိုက်။ အဲ့မှာ Downloads ဆိုတာတွေ့လိမ့်မယ်။ သူ့အပေါ် မောက်စ်တင်လိုက်ရင် Windows အတွက် နောက်ဆုံးထွက်ထားတဲ့ "Python 3.x.x" ဆိုပြီး ခလုတ်ကြီး တွေ့လိမ့်မယ်။ အဲ့ဒါကို ဆွဲလိုက်။ (Download လုပ်လိုက်)
Installer ကို Run မယ်:
Download ဆွဲလို့ပြီးသွားရင် အဲ့ဒီ .exe file ကို double-click နှိပ်ပြီး ဖွင့်လိုက်။
Install လုပ်မယ်:
အဲ့ box ကို check လုပ်ပြီးပြီဆိုရင်တော့၊ အပေါ်က Install Now ဆိုတဲ့ ခလုတ်ကြီးကို နှိပ်လိုက်။ သူဟာသူ သွင်းနေလိမ့်မယ်။ ခဏစောင့်။
စစ်ကြည့်မယ်:
ပြီးသွားပြီဆိုရင် Command Prompt (CMD) ကိုဖွင့်။ (Start Menu မှာ cmd လို့ရိုက်ရှာပြီး Enter ခေါက်)
python --versionBro ခုနက သွင်းလိုက်တဲ့ Python version နံပါတ် (ဥပမာ Python 3.12.0) ဆိုပြီး ပြလာရင်တော့... အလုပ်ဖြစ်သွားပြီ။
macOS မှာ Python သွင်းနည်း
Mac မှာက နည်းနည်း chill တယ်။ တော်တော်များများက python3 ကို Homebrew နဲ့ သွင်းကြတယ်။
အရင် စစ်ကြည့်မယ်:
Mac မှာ Terminal ကိုဖွင့်။ (Applications > Utilities ထဲမှာ ရှိတယ်၊ ဒါမှမဟုတ် Spotlight Search (Cmd + Space) မှာ Terminal လို့ရိုက်ရှာ)
python3 --versionတကယ်လို့ version နံပါတ်တစ်ခုခု ပြနေရင် (ဥပမာ Python 3.9.6) bro ဆီမှာ ရှိပြီးသား။ ဒါပေမယ့် အသစ်စက်စက် (latest) version လိုချင်ရင်တော့ ဆက်လုပ်ပေါ့။
နည်းလမ်း (၁) - Homebrew (Developerတွေ တွေအကြိုက်):
Homebrew ဆိုတာဘာလဲ? သူက Mac အတွက် သုံး တဲ့ package manager။ သူ့ကို သွင်းထားရင် တခြား developer တွေရေးထားတဲ့ tools တွေ သွင်းရတာ လွယ်တယ်။
Python သွင်းမယ်: Homebrew သွင်းပြီးသွားရင်၊ Terminal မှာ:
brew install python3ဒါပဲ! သူဟာသူ အကုန် ဒေါင်းလုဒ်ဆွဲပြီး သွင်းသွားလိမ့်မယ်။ လွယ်လွန်းလို့။
နည်းလမ်း (၂) - Official Installer (Windows နဲ့ တူတူပဲ):
- Windows လိုပဲ python.org ကိုသွား။ Downloads ကိုသွား။
- သူက Mac သုံးနေမှန်း သိရင် macOS အတွက် download ခလုတ်ကို ပြလိမ့်မယ်။ အဲ့က .pkg file ကို ဆွဲလိုက်။
- Download ပြီးရင် အဲ့ file ကိုဖွင့်။ "Continue", "Agree", "Install" ပေါ့ကွာ။ "Next" တွေပဲ ဆက်တိုက်နှိပ်သွား။ Password တောင်းရင် Mac password ပေးလိုက်။
- သူဟာသူ သွင်းပြီးသွားလိမ့်မယ်။
စစ်ကြည့်မယ်:
သွင်းပြီးသွားရင် Terminal ကို ပိတ်ပြီး ပြန်ဖွင့်။ ဒါအရေးကြီးတယ်။
python3 --versionBro သွင်းလိုက်တဲ့ version အသစ် (Homebrew ကပဲ ဖြစ်ဖြစ်၊ .pkg ကပဲ ဖြစ်ဖြစ်) ပြနေပြီဆိုရင်... Mission complete!