Python Basic Syntax

Python Basic Syntax

ဒါက Python ရဲ့ ကကြီး ခခွေး ပဲ။ အခြေခံအကျဆုံး အပိုင်းပေါ့။ ဒါကို ရသွားရင် ကျန်တာက အေးဆေး ဖြစ်သွားပြီ။ Coding စစချင်းမှာ ဒါတွေကို သေချာ သိထားဖို့ လိုတယ်။

1. Comments (ကိုယ်ပိုင် မှတ်စု)

ဒါဘာလဲ?

ဒါက ကိုယ်ရေးထားတဲ့ code ကို ကွန်ပျူတာက ဖတ်မသွားအောင် (ignore လုပ်သွားအောင်) လုပ်ထားတာ။

ဘာလို့သုံးလဲ?

ကိုယ်ဘာလို့ ဒီ code ကို ဒီလိုရေးထားတာလဲဆိုတာ မေ့ မသွားအောင်၊ ဒါမှမဟုတ် တခြား ညိုကီ တွေ (teammates) ကိုယ့် code ကို လာဖတ်တဲ့အခါ နားလည်အောင် မှတ်စုရေးထားတာ။

ဘယ်လိုရေးလဲ?

# (hash key) နဲ့ စရေးရတယ်။

comments.py
# ဒါက comment။ ကွန်ပျူတာက ဒါကို လုံးဝ အလုပ်မလုပ်ဘူး။ print("Hello World") # ဒီလို လိုင်းအဆုံးမှာလည်း ရေးလို့ရတယ်။ # ဒါက bro ရဲ့ ပထမဆုံး program name = "Python Bro" print(name) # နာမည် ပြမယ်
အသုံးဝင်တာက: Comment တွေက code ကို နားလည်ရလွယ်အောင် လုပ်ပေးတယ်။ ဒါပေမယ့် Comment အများကြီး မရေးသင့်ဘူး။ Code က သူ့ဘာသာ သူ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရေးဖို့ ကြိုးစားသင့်တယ်။

2. Variables (ပစ္စည်းထည့်တဲ့ ဘူး တွေ)

ဒါကရော ဘာကြီးလဲ?

သူက ပစ္စည်းထည့်တဲ့ ဘူး တွေလိုပဲ။ Data တွေကို ခဏ သိမ်း ထားဖို့ နာမည်ပေးထားတဲ့ နေရာတွေ။

ဘယ်လိုရေးလဲ?

နာမည်တစ်ခုပေးတဲ့ခါ = (ညီမျှခြင်း) သင်္ကေတ သုံး၊ ပြီးရင် ထည့် ချင်တဲ့ တန်ဖိုး (value) ကို ရေး။

variables.py
# ဘူး ထဲကို စာ (String) ထည့်မယ် friend_name = "အောင်အောင်" # ဘူး ထဲကို ကိန်းဂဏန်း (Number/Integer) ထည့်မယ် age = 20 # ဘူး ထဲကို ဒသမကိန်း (Float) ထည့်မယ် height = 5.8 # အခု ဘူးတွေထဲက ပစ္စည်းတွေကို သုံးမယ် print(friend_name) print(age) print(height)

အရေးကြီးတဲ့ စည်းကမ်း:

  • Variable နာမည်ကို နံပါတ်နဲ့ စလို့မရဘူး။ (ဥပမာ 1_name လို့ ပေးလို့မရဘူး)
  • name နဲ့ Name ဆိုတာ မတူဘူး နော်။ Python က Case-Sensitive ဖြစ်တယ်။ (အကြီးအသေး ကွဲတယ်)
  • Variable နာမည်မှာ space မထည့်ရဘူး။ _ (underscore) သုံးရတယ်
variable_names.py
# နာမည်မှန်တွေ (Correct) my_name = "Python" age_2024 = 25 total_score = 100 # မှားနေတဲ့ နာမည်တွေ (Wrong - ဒါတွေ အလုပ်မလုပ်ဘူး) # 1_name = "Error" # နံပါတ်နဲ့ စ မရဘူး # my name = "Error" # space မထည့်ရဘူး # my-name = "Error" # dash မသုံးရဘူး
သတိချင်တာ: Variable နာမည်ပေးတဲ့အခါ အဓိပ္ပာယ်ရှိတဲ့ နာမည်တွေ ပေးသင့်တယ်။ x, y, z စတာတွေထက် age, name, total_score စတာမျိုး ပေးမှ နောက်ပြန်ဖတ်ရင် နားလည်လွယ်မယ်။

3. print() (Screen ပေါ် ထုတ် ကြည့်မယ်)

ဒါကရော?

ကိုယ်လုပ်ထားတာ၊ ဒါမှမဟုတ် variable ထဲမှာ ဘာရှိလဲ ဆိုတာကို screen (Terminal/Console) ပေါ်မှာ ထွက် လာအောင် လုပ်တာ။

ဘယ်လိုရေးလဲ?

print() ဆိုတဲ့ကွင်းစကွင်းပိတ်ထဲမှာ ကိုယ်ထုတ်ချင်တာကို ထည့်ရေး။ စာ (String) တွေဆိုရင် quotation marks (" ဒါမှမဟုတ် ') ညှပ် ရေးရတယ်။

print_examples.py
# စာသားအတိုင်း ထုတ်မယ် print("ဟယ်လို ညိုကီ!") # Variable ထဲကဟာကို ထုတ်မယ် my_name = "Python Bro" print(my_name) # စာနဲ့ ကိန်းနဲ့ တွဲထုတ်မယ် age = 10 print("Bro အသက်က", age, "နှစ်ပါ") # F-string သုံးပြီး ထုတ်မယ် (အကောင်းဆုံး နည်း) name = "မောင်မောင်" age = 25 print(f"ကျွန်တော်နာမည် {name} ပါ။ အသက် {age} နှစ်။") # တွက်ချက်မှု ရလဒ်ကို ထုတ်မယ် print(5 + 3) print(10 * 2)
Pro Style: F-string (f"...{variable}...") သုံးပြီး print လုပ်တာက အလွယ်ဆုံး။ Modern Python မှာ အသုံးများတယ်။

4. Indentation

ဒါဘာကြီးလဲ?

လိုင်းတစ်လိုင်းရဲ့ အစ မှာ space တွေ (ဒါမှမဟုတ် Tab) ခုန်ပြီးရေးတာ။

ဘာလို့သုံးလဲ?

Python မှာ ဒါက အသက် ပဲ။ Boss။ တခြား programming language တွေမှာ code block တွေကို ခွဲဖို့ {} (curly braces) တွေ သုံး တယ်။ Python မှာ ဒါတွေ မသုံးဘူး။ အဲ့အစား Indentation (space) တွေ နဲ့ ခွဲတယ်။

သေချာ မှတ်ရမယ့်အချက်:

  • if, for, def (function) လို ဟာတွေရဲ့ အောက် မှာ ရေးတဲ့ code တွေက အတွင်း ကို space (၄ ချက် ပုံမှန်သုံးတယ်) ရွှေ့ ပြီး ရေးရတယ်
  • ဒီ space တွေ မှား သွားတာနဲ့၊ မညီ တာနဲ့ error တန်း တက်မှာ

ဥပမာ (Correct):

correct_indentation.py
# Indentation အမှန် if 5 > 2: print("ဒါက မှန်တယ်") # space ၄ ချက် ခုန် ထားတာ တွေ့လား? print("ဒါလည်း if ရဲ့ အထဲမှာပဲ") else: print("ဒါက မှားတယ်") # ဒီမှာလည်း space ခုန် ရတယ် # Nested (အထပ်ထပ်) Indentation if 10 > 5: print("Outer if") if 10 > 8: print("Inner if") # space ၈ ချက် (၄+၄) print("Still inner")

အမှား (Wrong):

wrong_indentation.py
# မှားနေတဲ့ Indentation - Error တက်မယ်! if 5 > 2: print("ဒါ error တက်မယ်") # space မခုန်ထားလို့ # space မညီလို့ error if 5 > 2: print("ဒါ ok") # space ၄ ချက် print("ဒါ error") # space ၆ ချက် - မညီဘူး!
သတိ: Python မှာ Indentation မှား ရင် လုံးဝ အလုပ်မလုပ်ဘူး။ ဒါက တခြား language တွေနဲ့ လုံးဝ မတူတဲ့ အဓိက အချက်ပဲ။ Tab နဲ့ Space ကို မရောထည့်ဖို့ သတိထားပါ။ Space ၄ ချက် သုံးတာက standard ပဲ။
အကြံပြုချက်: VS Code လို editor ကောင်းကောင်းတွေ သုံးရင် Indentation ကို အလိုအလျောက် ညီအောင် လုပ်ပေးတယ်။ ဒါကြောင့် beginner တွေအတွက် ပက်ပက်စက်စက် ပိုးစိုးပက်စက် အသုံးဝင်တယ်။

4.5 The Colon (:)

ဒါဘာကြီးလဲ?

if, for, def လို ဟာတွေရဲ့ အဆုံး မှာ ပါတဲ့ (:) သင်္ကေတ။

သူ့အဓိပ္ပာယ်:

ငါ့အနောက်မှာ Code အစုအဝေး (code block) အသစ်တစ်ခု လာတော့မယ်၊ ပြင်ထား!

အရေးအကြီးဆုံး စည်းကမ်း:

Colon (:) ပါလာပြီဆိုရင်၊ Enter ခေါက်ပြီး နောက်တစ်လိုင်း က မဖြစ်မနေ Indentation (space) ပါရတော့မယ်။

ဘယ်နေရာတွေမှာ သုံး လဲ?

  • if x > 5:
  • else:
  • elif x == 5:
  • while True:
  • for i in range(5):
  • def my_function():
  • class MyClass:

ဥပမာ (အားလုံးပေါင်းပြီး):

colon_example.py
# check_age က Identifier, def က Keyword, ':' က Colon def check_age(age): # အောက်ကလိုင်းက Indentation နဲ့ # if က Keyword, else က Keyword, (:) က Colon if age > 18: print("လူကြီး") # ဒါလည်း Indented else: print("ကလေး") # ဒါလည်း Indented # my_age က Identifier my_age = 20 # Function (Identifier) ကို ခေါ်သုံး check_age(my_age)
မေ့လို့မရတဲ့ အချက်: Colon (:) ရဲ့အနောက်မှာ code block တစ်ခု စရမယ်ဆိုရင် အဲ့ code block က မဖြစ်မနေ Indentation ပါကိုပါရမယ်။ Colon နဲ့ Indentation က တွဲဖက် အလုပ်လုပ်တာပဲ။
Note: Colon ကို မြင်တိုင်း နောက်လိုင်းမှာ space ၄ ချက် ခုန်ရမယ်ဆိုတာ အလိုအလျောက် သတိရအောင် လေ့ကျင့်ထား။ ဒါက Python ရဲ့ အခြေခံ pattern ပဲ။

5. Case Sensitivity (အကြီးအသေး ကွဲတယ်)

ဒါက ရိုးရိုးလေး ပဲ:

Python မှာ စာလုံး အကြီး နဲ့ အသေး ကို မတူဘူး လို့ သတ်မှတ်တယ်။

case_sensitivity.py
# Function နာမည်တွေ Case Sensitive print("ဒါက အလုပ်လုပ်တယ်") # p အသေး - မှန်တယ် # Print("ဒါက error တက်မယ်") # P အကြီး - မှားတယ် # Variable နာမည်တွေလည်း ကွဲတယ် my_variable = "ဒါတစ်ခု" My_Variable = "ဒါနောက်တစ်ခု" MY_VARIABLE = "ဒါထပ်နောက်တစ်ခု" print(my_variable) # ဒါတစ်ခု print(My_Variable) # ဒါနောက်တစ်ခု print(MY_VARIABLE) # ဒါထပ်နောက်တစ်ခု

နာမည်ပေးနည်း:

naming_conventions.py
# Variable တွေ: lowercase_with_underscores user_name = "Python Bro" total_score = 100 is_active = True # Constant တွေ: UPPERCASE_WITH_UNDERSCORES MAX_SIZE = 1000 PI = 3.14159 # Function တွေ: lowercase_with_underscores def calculate_total(): pass # Class တွေ: CapitalizedWords (PascalCase) class MyClassName: pass
မှတ်ထားရမယ့် အချက်:
  • print လို့ရိုက်ရမှာကို Print လို့ P အကြီးနဲ့ ရိုက်ရင် အလုပ်မလုပ်ဘူး။ Error တက်မယ်
  • my_variable နဲ့ My_Variable ဆိုတာ မတူတဲ့ ဘူး (variable) နှစ်ခု ဖြစ်သွားမယ်
  • Python community မှာ သဘောတူထားတဲ့ naming convention တွေကို လိုက်နာသင့်တယ်
အဆုံးသတ်: Python Basic Syntax ဒီ ၅ ခုကို သေချာ နားလည်ပြီဆိုရင် Python programming ရဲ့ foundation ကို ရပြီ။ အခုဆိုရင် bro က Python code တွေ ရေးလို့ရပြီ။ Practice များများ လုပ်ပြီး လေ့လာ!