Python Programs Run နည်း

Windows မှာ Python Run နည်း

နည်းလမ်း (၁) - Interactive Mode (REPL - အမြည်း စမ်းတဲ့ နည်း)

ဒါက code အတိုလေးတွေ၊ တစ်ကြောင်း နှစ်ကြောင်းလောက်ကို အမြန် စမ်းချင်တဲ့အခါ သုံးတယ်။ REPL (Read-Eval-Print Loop) လို့လည်း ခေါ်တယ်။

Command Prompt ကိုဖွင့်:

Command Prompt (CMD) ကိုဖွင့်လိုက်။ Start Menu မှာ cmd လို့ရိုက်ရှာပြီး Enter ခေါက်။

Python ကို ခေါ် မယ်:

Windows မှာ python လို့ရိုက်ပြီး Enter ခေါက်။

Command Prompt
C:\Users\YourName> python Python 3.12.0 (tags/v3.12.0:0fb18b0, Oct 2 2023, 13:03:39) [MSC v.1935 64 bit (AMD64)] on win32 Type "help", "copyright", "credits" or "license" for more information. >>>

ထဲ ရောက်သွားပြီ:

အဲ့ဒါ ရိုက်ပြီးတာနဲ့ >>> ဆိုတဲ့ မြှားသုံးချောင်း တန်း ပေါ်လာလိမ့်မယ်။ ဒါဆို bro Python ရဲ့ interactive shell ထဲ ကို ရောက်သွားပြီ။ အဲ့မှာ bro တန်း ရေး၊ တန်း run လို့ရတယ်။

စမ်းကြည့်မယ်:

Python Interactive Mode
>>> print("Hello မိချော!") Hello မိချော! >>> 100 + 50 150 >>> name = "Python Developer" >>> print(f"Hello {name}") Hello Python Developer >>> 5 * 10 50 >>>

Hello မိချော! ဆိုပြီး တန်း ပြန်ထွက်လာလိမ့်မယ်။ သင်္ချာတွေလည်း တန်း တွက်လို့ရတယ်။ 100 + 50 လို့ရိုက်ပြီး Enter ခေါက်။ 150 ဆိုပြီး တန်း ပြလိမ့်မယ်။

ဘယ်လို ပြန်ထွက်မလဲ: အဲ့ >>> ကနေ ပြန်ထွက်ချင်ရင် exit() လို့ရိုက်ပြီး Enter ခေါက်လိုက်။ ဒါဆို နဂို CMD ကို ပြန်ရောက်သွားပြီ။

ဒါက code အမြည်း စမ်းဖို့၊ ဒါမှမဟုတ် calculator လို ကလိ ဖို့ ရှယ် ကောင်းတယ်။ ဒါပေမယ့် program အရှည်ကြီး တွေ ရေးဖို့တော့ မသုံးဘူး။

နည်းလမ်း (၂) .py File နဲ့ Run တာ (ဒါက အမှန်အကန် နည်း)

Bro က program တွေကို အမှန်အကန် ရေးပြီး save ထားပြီးမှ run ချင်ရင် ဒီနည်းကို သုံးရမယ်။ ဒါက အသုံးအများဆုံး နည်းပဲ။

Code File ဆောက်မယ်:

Text Editor တစ်ခုခု ဖွင့်။ Windows မှာ Notepad သုံးလို့ရတယ်။ ဒါပေမယ့် Developer လုပ်တော့မယ်ဆိုရင် VS Code (Visual Studio Code) လိုလန်းတဲ့ editor မျိုးကိုဆွဲပြီး သွင်းထား။

အဲ့ editor ထဲမှာ bro ရဲ့ Python code တွေကို ရေးမယ်။ ဥပမာ:

my_first_program.py
# my_first_program.py name = "မိချော" print("ဟေး... ကောင်မ! " + name + " ပါဟဲ့။") print("Python run တာလွယ်တယ်ကွ။")

File ကို Save မယ်:

အဲ့ file ကို save တဲ့အခါ၊ နာမည်ရဲ့ အနောက်မှာ .py ဆိုတာ ထည့်ပေးရမယ်။ ဒါမှ Python file မှန်း သိမှာ။ ဥပမာ: my_first_program.py ဆိုပြီး save လိုက်။ ဘယ်နေရာမှာ save လိုက်လဲ သေချာ မှတ်ထားနော်။ ဥပမာ Desktop ပေါ်မှာပဲ ဖြစ်ဖြစ်။

CMD ကနေ ခေါ် မယ် (Run မယ်):

Command Prompt (CMD) ကို ပြန်ဖွင့်။

အရေးကြီးတဲ့ အပိုင်း: bro ခုနက save လိုက်တဲ့ .py file ရှိတဲ့ နေရာ (Directory/Folder) ကို CMD ထဲကနေ သွား ရမယ်။ သွားဖို့အတွက် cd (Change Directory) command ကို သုံးရတယ်။ ဥပမာ၊ bro file ကို Desktop မှာ save ထားတယ်ဆိုရင်:

Command Prompt
C:\Users\YourName> cd Desktop C:\Users\YourName\Desktop>

တကယ်လို့ တခြား folder ထဲမှာဆို cd FolderName ပေါ့ကွာ။ အဲ့ file ရှိတဲ့နေရာကို သေချာ ရောက်ပြီဆိုရင်...

Run:

အဲ့ CMD ထဲမှာ အခုလို ရိုက်ပြီး Enter ခေါက်လိုက်:

Command Prompt
C:\Users\YourName\Desktop> python my_first_program.py ဟေး... ကောင်မ! မိချော ပါဟဲ့။ Python run တာလွယ်တယ်ကွ။

Bro ရဲ့ code က run ပြီး CMD ထဲမှာ ထွက်လာလိမ့်မယ်။

Ok: Script mode ကို run ပြီးပြီ။ အခု bro ရဲ့ program တွေကို file အနေနဲ့ save ပြီး run လို့ ရပြီ!

macOS မှာ Python Run နည်း

နည်းလမ်း (၁) - Interactive Mode (REPL)

ဒါက code အတိုလေးတွေ၊ တစ်ကြောင်း နှစ်ကြောင်းလောက်ကို အမြန် စမ်းချင်တဲ့အခါ သုံးတယ်။ REPL (Read-Eval-Print Loop) လို့လည်း ခေါ်တယ်။

Terminal ကိုဖွင့်:

Terminal ကိုဖွင့်လိုက်။ Applications > Utilities ထဲမှာ ရှိတယ်၊ ဒါမှမဟုတ် Spotlight Search (Cmd + Space) မှာ Terminal လို့ရိုက်ရှာ။

Python ကို ခေါ် မယ်:

macOS မှာ python3 လို့ရိုက်ပြီး Enter ခေါက်။

Terminal
$ python3 Python 3.12.0 (main, Oct 10 2023, 12:00:00) [Clang 15.0.0 (clang-1500.0.40.1)] on darwin Type "help", "copyright", "credits" or "license" for more information. >>>

အထဲ ရောက်သွားပြီ:

အဲ့ဒါ ရိုက်ပြီးတာနဲ့ >>> ဆိုတဲ့ မြှားသုံးချောင်း တန်း ပေါ်လာလိမ့်မယ်။ ဒါဆို bro Python ရဲ့ interactive shell ထဲ ကို ရောက်သွားပြီ။ အဲ့မှာ bro တန်းရေး၊ တန်း run လို့ရတယ်။

စမ်းကြည့်မယ်:

Python Interactive Mode
>>> print("Hello ညိုကီ!") Hello ညိုကီ! >>> 100 + 50 150 >>> name = "Python Dev" >>> print(f"I am {name}") I am Python Dev >>> 10 ** 2 100 >>>

Hello ညိုကီ! ဆိုပြီး ပြန်ထွက်လာလိမ့်မယ်။ သင်္ချာတွေလည်း တန်းတွက်လို့ရတယ်။

ဘယ်လို ပြန်ထွက်မလဲ: အဲ့ >>> ကနေ ပြန်ထွက်ချင်ရင် exit() လို့ရိုက်ပြီး Enter ခေါက်လိုက်။ ဒါမှမဟုတ် Ctrl+D နှိပ်လိုက်။ ဒါဆို နဂို Terminal ကို ပြန်ရောက်သွားပြီ။

ဒါက code အမြည်း စမ်းဖို့။

နည်းလမ်း (၂) - .py File နဲ့ Run တာ (ဒါက အမှန်ကန်)

Program တွေကို အမှန်အကန် ရေးပြီး save ထားပြီးမှ run ချင်ရင် ဒီနည်းကိုသုံး။

Code File ဆောက်မယ်:

Text Editor တစ်ခုခု ဖွင့်။ Mac မှာ TextEdit သုံးလို့ရတယ် (ဒါပေမယ့် Format > Make Plain Text ကို နှိပ်ပေးဖို့ မမေ့နဲ့)။ ဒါမှမဟုတ် VS Code (Visual Studio Code)။

အဲ့ editor ထဲမှာ bro ရဲ့ Python code တွေကို ရေးမယ်။ ဥပမာ:

my_first_program.py
# my_first_program.py name = "ကျော်ကြီး" print("ဟေး... ညိုကီ " + name + " ပါ။") print("Python run တာ ရှယ်လွယ်တယ်ကွ။")

File ကို Save မယ်:

File ကို save တဲ့အခါ နာမည်ရဲ့ အနောက်မှာ .py ဆိုတာ ထည့်ပေးရမယ်။ ဒါမှ Python file မှန်း သိမှာ။ ဥပမာ: my_first_program.py ဆိုပြီး save လိုက်။ ဘယ်နေရာမှာ save လိုက်လဲ သေချာ မှတ်ထားနော်။ ဥပမာ Home Directory မှာပဲ ဖြစ်ဖြစ်။

Terminal ကနေ ခေါ် မယ် (Run မယ်):

Terminal ကို ပြန်ဖွင့်။

အရေးပါတဲ့ အပိုင်း: bro ခုနက save လိုက်တဲ့ .py file ရှိတဲ့ နေရာ (Directory/Folder) ကို Terminal ထဲကနေ သွားရမယ်။ သွားဖို့အတွက် cd (Change Directory) command ကို သုံးရတယ်။ ဥပမာ၊ bro file ကို Desktop မှာ save ထားတယ်ဆိုရင်:

Terminal
$ cd Desktop ~/Desktop$

အကယ်၍ တခြား directory ထဲမှာဆိုရင် cd OhterName ပေါ့။ အဲ့ file ရှိတဲ့နေရာ ကို သေချာ ရောက်ပြီဆိုရင်...

Run မယ်:

အဲ့ Terminal ထဲမှာ အခုလို ရိုက်ပြီး Enter ခေါက်လိုက်:

Terminal
~/Desktop$ python3 my_first_program.py ဟေး... ညိုကီ ကျော်ကြီး ပါ။ Python run တာ ရှယ်လွယ်တယ်ကွ။

Code က run ပြီး Terminal ထဲမှာ ထွက်လာလိမ့်မယ်။

Okay: Script mode ကိုအခု run ပြီးပြီ။ Python file တွေကို save ပြီး run လို့ ရပြီ!